Wednesday, October 30, 2013

Green Anaconda

Green Anaconda (အစိမ်းရောင်စပါးကြီးမြွေ)
Eunectes murinus

 စပါးကြီးမြွေမျိုးနွယ်ဝင် တောင်အမေရိက၏အစိမ်းရောင်စပါးကြီးမြွေကထိန်းသိမ်းစောင့်ရှောက် ခြင်းခံနေရသောမြွေအမျိုးအစား ဖြစ်ပြီး၊ ကမ္ဘာမှာအကြီးဆုံးမြွေလည်းဖြစ်သည်။ ပိုက်ကွန်ပုံ စပါးကြီးမြွေက သူ့ဝမ်းကွဲဖြစ်သည်။ သူကပို၍ကြီးမားသောအရှည်ကို ခဏနှင့်ရောက်ရှိနိုင် တယ်။ ဒါပေမဲ့ သူ့ရဲ့အလွန်ကြီးမားသော လုံးပတ်(ကိုယ်လုံး) က သွားလာရတာ လေးလံ၍ နှေးတာမျိုး ဖြစ်စေသည်။


အစိမ်းရောင်စပါးကြီးမြွေများဟာ ၂၉ ပေ (၈.၈မီတာ) ကျော်အထိကြီးထွားနိုင်တယ်။ အလေးချိန်ကလည်း ပေါင် (၅၅၀) (၂၂၇ ကီလိုဂရမ်) ကျော်ထိရှိနိုင်ပြီး၊ အချင်းအားဖြင့် (ကိုယ်လုံးပတ်) က ၁၂ လက်မကျော်ထိတိုင်းတာရရှိတယ်။ စပါးကြီးအမများဟာအထီးများ ထက် သိသိသာသာ ကြီးမားကြတယ်။ အခြားစပါးကြီးမျိုးစိတ်များနှင့် တောင်အမေရိကမှ မျိုးစိတ်များ အားလုံးက အစိမ်းရောင်စပါးကြီးမြွေ၊ အဝါရောင်၊ အမည်းအစက်နှင့် ဘိုလီးဗီရန် အမျိုးအစား ထက်သေးငယ်ကြတယ်။

စပါးကြီးမြွေများဟာ ရွှံ့ဗွက်များ၊ ချုံပုတ်များ၊ ရေစီးနှေးသည့်ချောင်းများ၊ နှင့်အဓိကအားဖြင့် အမေဇုံရှိအပူပိုင်းမိုးသစ်တောများနှင့် အော်ရီနိုကို ချိုင့်ဝှမ်း များတွင်နေထိုင်ကြသည်။
သူတို့ဟာ ကုန်းပေါ်မှာသွားလာရတာ နှေးကွေးလေးလံပြီး အဆင်မပြေပေမဲ့၊ ရေထဲမှာတော့ ချောမွေ့စွာနဲ့ တိတ်ဆိတ်စွာသွားလာ နိုင်တယ်။
သူတို့၏မျက်လုံးများနှင့် နှာခေါင်းပေါက်များက ဦးခေါင်း၏ထိပ်ပေါ်တွင်ရှိပြီး၊ သူတို့ကို သားကောင်၏ အနီးနားတွင် လုံခြုံစွာငုပ်လျှိုး ၍စောင့်ကြည့်ရန် ဖန်တီးပေးထားသည်။ 


သူတို့က တောဝက်၊ သမင်၊ ငှက်များ၊ လိပ်များ၊ ကာပီဘာရာ (ရှဥ့်ကဲ့သို့ကိုက်ဖြတ်သတ္တဝါ)၊ မိကျောင်းလေးများနှင့်၊ ကျားသစ် (jaguar) ကိုပါ စားသောက်( အစားချေ) ပြီး ဧရာမ အရွယ်အစားသို့ ရောက်ရှိလာကြတယ်။
(Note: jaguar - အစက်အပြောက်များရှိပြီး ကြီးမားသည့်အသားစားတောကြောင်ကြီးမျိုး (ကျားသစ်)။ Capybara - ရှဥ့်၊ ကြွက်ကဲ့ သို့ကိုက်ဖြတ်စားသောက်တတ်သော ကိုက်ဖြတ်သတ္တဝါတစ်မျိုး။)


စပါးကြီးမြွေများသည် အဆိပ်မရှိဘဲ ဖမ်းဆီးထားသောသားကောင်ကို သူတို့၏သန်မာသော ခန္ဓာကိုယ်နှင့်ရစ်ပတ်ပြီး သားကောင် မွန်းကြပ်သည့်အထိဖျစ်ညှစ်တတ်သည်။ ဆွဲဆန့်၍ရသော အရွတ်များနှင့်တွဲချည်ထားသော မေးရိုးများက သူတို့၏သားကောင် တစ်ကောင်လုံးကို အဆင်ပြေစွာမျိုချရန် သူတို့ကို ဖန်တီးပေးထားသည်။ သူတို့သည် သားကောင်ကြီးကြီးမားမား စားသောက်ပြီး လျှင် သီတင်းပတ်များ (သို့) လပေါင်းများစွာ မစားသောက်ဘဲနေနိုင်သည်။

 စပါးကြီးမြွေအမများဟာ သူတို့၏ဥများကိုထိန်းသိမ်းပြီး အကောင်ပေါက် ၂/၃ ဒါဇင်မွေး ထုတ်ပေးသည်။ မြွေသားပေါက်ကလေး များက မွေးဖွါးလာသောအခါ ၂ ပေ (၀.၆ မီတာ) ခန့်ရှည်ပြီး ချက်ချင်းလိုပင် ရေကူးခြင်းနှင့်၊ အမဲလိုက်ခြင်းကိုလုပ်နိုင်ကြတယ်။ သူတို့၏သဘာဝသက်တမ်းက ၁၀ နှစ်ခန့်ရှိသည်။ 

Fast Facts
Type:  Reptile | တွားသွားသတ္တဝါ
Diet:  Carnivore  |  အသားစားနို့တိုက်သတ္တဝါ 
Average life span in the wild:  10 years  |  ၁၀ နှစ်
Size:  20 to 30 ft (6 to 9 m)  |  ပေ ၂၀ မှ ပေ ၃၀ 
Weight:  Up to 550 lbs (227 kg)  |  ၅၅၀ ပေါင်ထိ
Group name:  Bed or knot  |  နှုတ်သီးပါ
Did you know?
In mating, several competing males form a breeding ball around one female that can last up to four weeks.
Size relative to a bus:

Friday, October 18, 2013

အလှမွေးပင့်ကူကြီးများ - ၎

Costa Rican Zebra Tarantula
Aphonopelma seemanni

အခြားအမည် - မြင်းကျားတာရန်ကျူလာ၊ ဒူးစင်းတာရန်ကျူလာ
အလေ့အထ/နေထိုင်မှု - ကုန်းနေ
မူလဇာတိ - အမေရိကအလယ်ပိုင်း၊ အမေရိကန် မြောက်မှတောင်ပိုင်း
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၄ မှ ၄.၅ လက်မ
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၇၅-၈၀ ရာခိုင်နှုန်းနှင့်အတူအပူချိန် ၇၀-၈၅ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - ဈေးကြီးသည်
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ နှင့် အခြားကြီးမားသောအင်းစက်များ၊
ကြွက်ငယ်(အသေးဆုံးကြွက်) လေးများ 













* * *

Desert Blond Tarantula
Aphonopelma chalcodes

အခြားအမည် - မက်ဆီကို ရွှေရောင်အမွှေးတာရန်ကျူလာ
အလေ့အထ/နေထိုင်မှု - ကုန်းပိုင်းနေ
မူလဇာတိ - မက်ဆီကိုမြောက်ပိုင်း မှ အမေရိကန် တောင်ပိုင်း
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၅-၆ လက်မ
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၆၀-၇၀ ရာခိုင်နှုန်းနှင့်အတူအပူချိန် ၇၅-၈၀ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - တန်ဖိုးနည်း။ (စရိတ်မကြီး)
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ နှင့် အခြားကြီးမားသောအင်းစက်များ၊
ကြွက်ငယ်(အသေးဆုံးကြွက်) လေးများ 















 
* * *

Mexican Redleg Tarantula
Brachypelma emilia

အခြားအမည် - မက်ဆီကိုခြေထောက်နီတာရန်ကျူလာ၊ မက်ဆီကိုပန်းချီပင့်ကူ
အလေ့အထ/နေထိုင်မှု - ကုန်းပိုင်းနေ
မူလဇာတိ - မက်ဆီကို နှင့် ပန်နားမား
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၅-၆ လက်မ
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၆၅-၇၀ ရာခိုင်နှုန်းနှင့်အတူအပူချိန် ၇၅-၈၅ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - တန်ဖိုးကြီးမား
ကျွေးမွေးမှုအကြံပေးချက် - တန်ဖိုးကြီးမားသည်။
အလှမွေးအဖြစ်အခြားသိရန်အကြောင်းအရာများ - မက်ဆီကိုခြေနီ
(ခြေချောင်းနီ) က Mexican redknee (ခြေဆစ်အနီတာရန်ကျူလာ)
နဲ့ဆင်တူတယ်။ သူတို့ရဲ့ အလွန်တော်တဲ့ အရောင်ရွေးချယ်မှုကို
တန်ဖိုးရှိတယ်။ သူတို့ရဲ့အမွှေးကို လျင်မြန်စွာပစ်လိုက်သောအခါ
ဒဏ်ရာဖြစ်စေတာကလွဲလို့ ဒီမျိုးစိတ်တွေက သိမ်မွေ့ပြီးပြုစုစောင့်ရှောက်ဖို့ လွယ်ကူတယ်။ 












(ဟုတ်ကဲ့.. ကျနော်ရှာတွေ့မိသမျှကတော့ တာရန်ကျူလာပင့်ကူအကြောင်းတွေကတော့ ဒီလောက်ပါပဲ.. နောက်ပိုင်းထပ်တွေ့ရင်တင်ပါဦးမည်။ )
Ref: www.insects.com

www.insects.com မှာလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ခင်ဗျား..







 

အလှမွေးပင့်ကူကြီးများ - ၃

Brazilian Black Tarantula
Grammostola pulchra

အခြားအမည် - မရှိ
အလေ့အထ/နေထိုင်မှု - ကုန်းနေ
မူလဇာတိ - အမေရိကတောင်ပိုင်း
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၅-၆ လက်မ
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၇၅-၈၀ ရာခိုင်နှုန်းနှင့်အတူ အပူချိန် ၇၅-၈၅ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - ဈေးကြီးသည်
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ လောက်ကောင်စားပိုးတောင်မာ၊
မြောက်အမေရိကပိုးဟပ်၊ နှံကောင်၊ အိမ်မြှောင်ငယ်များ နှင့် ကြွက်ငယ်(အသေးဆုံးကြွက်) လေးများ





(အပေါ်ကအကောင်ကြီးကမလှပါဘူး။ နောက်အကောင်လေးတွေကနည်းနည်းလှတပတရှိပါတယ်။)
 
Chilean Rose Hair Tarantula
Grammostola rosea

အခြားအမည် - ချီလီယမ်မီး၊ ချီလီယမ်မီးတောက် တာရန်ကျူတာ
အလေ့အထ/နေထိုင်မှု - ကုန်းနေ
မူလဇာတိ - အမေရိကတောင်ပိုင်း
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၄.၅ မှ ၅.၅ လက်မ
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၇၅-၈၀ ရာခိုင်နှုန်းနှင့်အတူအပူချိန် ၇၅-၈၅ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - ဈေးကြီးသည်
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ နှင့် အခြားကြီးမားသောအင်းစက်များ၊
ကြွက်ငယ်(အသေးဆုံးကြွက်) လေးများ




တစ်ကိုယ်တော် - ၃

ကာဗွန်နံ့၊ တေဇောနံ့၊
တွားလက်တ်တီ (toilette) နံ့နဲ့လမ်းမထက်
မာကျူရီတွေ အိပ်မောကျ
လေးပင်ဆဲခြေလှမ်းတွေ
ရွေ့လျားလိုက်တိုင်း
ကောင်းကင်မှာကြယ်စုံလင်းတယ်
ဦးတည်ချက်မဲ့နေသလား.. ?
ဘေးမှာပန်းတွေမပွင့်ဘူး
လိပ်ပြာတွေအတောင်မခတ်ဘူး
လမ်းမကြီးရှည်သလောက်
ချိုင့်ခွက်တွေများတယ်
လမ်းဆုံမှာပန်းတိုင်ကိုမြင်မိတိုင်း
ကြယ်တွေကိုလက်ပြနှုတ်ဆက်မိတယ်။     ။

ဆောင်းငှက်
August 2013, Youth magazine

ထင်မြင်ချက်

အဖြူရောင်ထင်ဆဲလား
ကြိုးတွေခိုင် ခိုင်လာတိုင်း
ပူပန်မှုတွေများလာခဲ့
လမ်းလယ်မှာပဲရပ်နေရမလား
လျှောက်လှမ်းဆဲလမ်းမမှာ
"ခြေ" မခိုင်သေးဘူး
မိုးတွေညိုလာတိုင်း
စိတ်ဓာတ်ကျခဲ့တာ...။
(ရက်စွဲ) နေ့တွေလည်းဟောင်း.. ဟောင်းလာခဲ့
နှလုံးသားမှာအိပ်မက်တွေသောင်တင်ခဲ့ရင်
ရာသီဥတုပွင့်လင်းခဲ့ရင်
ဒီခရီးဖြောင့်ဖြူးမယ်ထင်ရဲ့...။

ဆောင်းငှက်
July 2013, Youth magazine

ပြတင်းပေါက်

ခန်းစီးစအသစ်လဲပြီးကတည်းက
ငဲ့ကြည့်နေရပေါင်းများပြီ
အရင်နေရာမှာ
သူ့ကိုမတွေ့တာကြာပြီ. . . ။

ဆောင်းငှက်
June 2013, New Style magazine

Wednesday, October 16, 2013

ဖုန်းဘီလ်ခဏခဏကုန်နေလို့...

ခုနောက်ပိုင်း တစ်လကို ဖုန်းဘီလ်ကတ် ၂ ကတ်တောင်ကုန်နေလို့.. ကိုယ့်အခြေအနေနဲ့ မကိုက်တော့ လျှော့သုံးဖို့စဉ်းစားထားတယ်။ အင်တာနက်သုံးရုံသက်သက်ပဲက ၁ ကတ်ကျော်တော့ ကုန်မယ်ထင်ရဲ့။ အိမ်ကဖုန်းဆက်တာများရင်လည်း ၂ ကတ်ကျော်သွားတတ်တယ်။ ချင့်ချိန်သုံးနေရတယ်။ တစ်လကို တစ်ကတ်ပဲလောက်အောင်သုံးဖို့ စိတ်ကူး၊ စီစဉ်ထားတယ်။ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင်က စောင့်ကြည့်ဦးမှပါ။ ကျနော် ၂ သိန်းတန်ဖုန်းဝယ်ပြီးကတည်းက သုံးလာတဲ့ ဖုန်းဘီလ်က အခုဆိုရင် ၂ သိန်းခွဲလောက်ရှိပြီ။ ဘီလ်ဖြည့်ပြီးရင်ကတ်တွေကို အမှတ်ရအောင် တမင်သိမ်းထားနေကျဆိုတော့ အဲဒီကတ်တွေရဲ့တန်ဖိုးကိုပေါင်းကြည့်ရင်းသိတာပါ။

ဒီပုံစံအတိုင်းဆို တစ်လ ၅၀၀၀/၁ သောင်းလောက်စုသွားရုံနဲ့ ၁ နှစ်ကျော်ဆိုနောက် ၂ သိန်းတန်ဖုန်းတစ်လုံး မဟုတ်ရင် Handset ကောင်းကောင်းတစ်ခုဝယ်နိုင်တယ်။ အဲဒီလိုနည်းနဲ့ငွေစုကြည့်ဖို့လည်းစိတ်ကူးထားတယ်။ နောက်ပိုင်းတော့ ဖုန်းအသုံးလျှော့ပါဦးမယ်။

ချမ်းငြိမ်းဦး
Oct 16, 2013_5:50 PM

ပဋိပက္ခ

သစ္စာကြိုးတွေပြတ်လုပြီလား...
ရစ်ပတ်ဆဲနွယ်ဖြူတွေ
ငါ့ရင်မှာ အမြစ်ခိုင်... လို့
ပန်းဖူးလေးတွေ နွမ်းကြေကုန်တာ
မိုးညိုတွေပြယ်လွင့်သွားတာ
ဝတ္တရားတွေကြောင့်ပါ။
လမ်းတစ်ဖက်စီမှာပဲ
တစ်သက်စာတော့ မသွားချင်ဘူး
ငါတို့နှစ်ဦးရဲ့လမ်းမထက်မှာ
အဖြူရောင်တွေ ခြယ်သထားတာ...
မှတ်မိသေးရဲ့လား. . . ။

ဆောင်းငှက်
June 2013, Youth magazine

နောင်တ

သင်္ခါရတွေများလွန်းတယ်
လောကရဲ့ ပတ်ဝန်းကျင်ထဲမှာ
ကိုယ့်ကိုယ်ကို ဆိုင်နေတတ်သေး
အနတ္တတွေများလွန်းတယ်
ကောင်းမှုတွေနဲ့ လာဘ်ထိုးပေမဲ့
ကံတရားကိုလက်လှမ်းမမီသေးဘူး
ခုဖြစ်.. ခုပျက်သာဆိုတယ်
စွဲမြဲနေတဲ့အတ္တအစိုင်အခဲတွေက
စိတ်ကို အမှောင်ဖုံးထားကြတယ်။
ကြုံခဲ့ဖူးတဲ့အဆိုးကံတွေလည်းများပါပြီ
ဆုံခဲ့ဖူးတဲ့အတ္တဘောတွေလည်းများလှပြီ
ရခဲ့ဖူးတဲ့ သံဝေဂတွေလည်းများနေပြီ..
အဝိဇ္ဇာတွေမကွာသေးသ၍
အနာဂတ်ကိုတွေးပြီးကြောက်နေမိတယ်။

ဆောင်းငှက်
April 2013_ Youth magazine

Tuesday, October 15, 2013

ထိကရုန်း

ခဏ ခဏ လာမတို့ထိပါနဲ့
ရှက်တတ်လို့ပါ ဆိုနေ
အညှာလွယ်တဲ့ပန်းမဟုတ်ပါဘူး
ဆောင်းလေညှင်းရဲ့အထိအတွေ့ကြောင့်
ခဏတာ ငိုက်မြည်းမိတာပါ
အခွင့်ရေး မယူပါနဲ့...။     ။

ဆောင်းငှက်
Feb 2013, New Style Magazine

အလှမွေးပင့်ကူကြီးများ - ၂

Spider 2 
 

Mexican Redknee Tarantula
Brachypelma smithi

အခြားအမည်များ - မက်ဆီကို လိမ္မော်ရောင်ခြေဆစ်တာရန်ကျူလာ

အလေ့အထ/နေထိုင်မှု - ကုန်းပိုင်းနေ

မူလဇာတိ - မက်ဆီကို

အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၅မှ ၅.၅ လက်မ

အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၇၅-၈၀ ရာခိုင်နှုန်းနှင့်

အတူ အပူချိန် ၇၅-၉၀ ဒီဂရီဖာရင်ဟိုက်

ကုန်ကျစရိတ် - ဈေးကြီးသည်

ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ လောက်ကောင်စားပိုးတောင်မာ၊

မြောက်အမေရိကပိုးဟပ်၊ နှံကောင်၊ အိမ်မြှောင်ငယ်များ နှင့်
ကြွက်ငယ်(အသေးဆုံးကြွက်) လေးများ

Monday, October 14, 2013

အလှမွေးပင့်ကူကြီးများ - ၁

ကျနော်ယခုရှာဖွေရထားတဲ့ပင့်ကူကြီးတွေကိုအနောက်နိုင်ငံတွေကအလှမွေးကြတယ်တဲ့။
ကျနော်ဖြင့် သိရတော့အတော်အံ့သြသွားတယ်။ သို့ပေမဲ့ တကယ်လည်းကြည့်လို့တော့လှပါတယ်။
ကြောက်စရာကောင်းတာ၊ အဆိပ်ပြင်းတာတစ်ခုပဲပေါ့။ သူတို့နိုင်ငံကလိုသွေးအေးတဲ့လူမျိုးတွေ
ကတော့ ဒီပင့်ကူကြီးတွေကို အလှမွေးတာမဆန်းပါဘူးလေ။ ကွန်နက်ရှင်အခက်အခဲကြောင့်
ရှာရထားသမျှအကုန်မတင်နိုင်ဘဲအပိုင်းလိုက်တင်ပေးရတာ သီးခံပေးကြပါရန်..။
ဒီပင့်ကူကြီးတွေက တာရန်ကျူလာ အမျိုးအစားလို့သတ်မှတ်ထားကြပါတယ်။

တာရန်ကျူလာ (Tarantula) ကို dictionary မှာကြည့်တော့ "အမေရိကရဲ့အပူပိုင်းနှင့်
အပူလျှော့ပိုင်းဒေသတွေမှာအဓိကတွေ့ရတတ်သော အလွန်ကြီးမားပြီးအမွှေးထူတဲ့
ပင့်ကူကြီးများ" ဟုအဓိပ္ပါယ်ပြန်ထားတာတွေ့ရပါတယ်။

Spider - 1 
Chaco Golden Knee Tarantula
Grammostola aureostriata

အခြားအမည်များ -  ကာကို (ခါခို) လိမ္မော်ရောင်ခြေဆစ်
အလေ့အထ/နေထိုင်မှု - ကုန်းပိုင်းနေ
မူလဇာတိ - တောင်အမေရိက
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၈ လက်မနှင့် အထက်
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၆၀-၇၀ ရာခိုင်နှုန်းနှင့် အတူ အပူချိန် ၇၀-၈၀ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - ဈေးကြီးသည်
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ လောက်ကောင်စားပိုးတောင်မာ၊
မြောက်အမေရိကပိုးဟပ်များ နှင့် ကြွက်ငယ်လေးများ

Chaco Golden Knee Tarantula

အလွမ်းကော်ဖီ

ဘ၀က..
ငါဖျော်တဲ့ကော်ဖီလောက်တောင်
အချိုးမကျခဲ့ဘူး
အဆုံးမဲ့မိုးရွာသွန်းပါစေ
ငါလျှောက်တဲ့လမ်း
ရပ်တည့်ပစ်မှာမဟုတ်ဘူး။
သူငယ်ချင်း...
ကော်ဖီတွေခါးတဲ့ရက်တိုင်း
မင်းနာမည်ရွတ်မိရုံနဲ့
ငါ့စိတ်ထဲချိုမြိန်တယ်
ဘဝတွေပေါလောမျောပါစေ
ယုံကြည်ချက်ဖောင်ကို
ကိုင်ဆွဲထားပြီးသား..။
အလွမ်းတွေတိုက်တဲ့နေ့ဆို
ငါ့စိတ်တွေ
လေနှင်ရာမျောလွင့်မိခဲ့တယ်။

ဆောင်းငှက်
ဖောဖေါ်ဝါရီ ၂၀၁၃၊ ပြုံးစရာမဂ္ဂဇင်း


Saturday, October 12, 2013

ကုက္ကိုရနံ့နဲ့ဆက်ထားတဲ့လမ်း

ဆောင်းရနံ့သင်းလာပြီ
ကုက္ကိုရိပ်ကဖလင်ချပ်တွေ
သစ်လွင်နေဆဲ
မြေနီလမ်းလေးလည်း
မပြောင်းလဲသေးဘူး။
ဝေကွဲစွာမပိုင်းခြားနိုင်ခင်..
ခံစားချက်တစ်စုံတစ်ရာအတွက်
အတိုင်းအတာလွန်ကျူးနေပြီ
မက်ဖူးခဲ့အိပ်မက်တွေမှာ
အရောင်စိုတတ်လွန်းလို့...။
သူငယ်ချင်းရေ...
တစ်နေရာဆီကွဲကွာနေလည်း
တစ်ချိန်မှာပြန်ဆုံစည်းကြမယ်
ငါတို့လျှောက်တဲ့လမ်းမှာ
လမ်းခွဲဆိုတာမရှိခဲ့ဘူးလေ...။

ဆောင်းငှက်
April 2012_Youth magazine

အသိပေးချက်

ကျနော် ဒီဘလော့ဂ်လေးကို blogger မှာယူထားတာနည်းနည်းကြာပါပြီ။ အင်တာနက်အခက်အခဲတွေကြောင့် ခုမှအသေချာတစိုက်မတ်မတ်လုပ်ဖြစ်တာပါ။ 
ဒီ ဘလော့ဂ်လေးကို အခု activate ဖြစ်အောင်လုပ်ပါတော့မယ်။ အရင်တုန်းကနေခဲ့တဲ့ ဘလော့ဂ်တွေကိုတော့ အကြောင်းအမျိုးမျိုးနဲ့ ရပ်ထားရတာကြာပါပြီ။ ခုတော့ ဒီဘလော့ဂ်လေးမှာ အခြေကျအောင်နေဖို့စိတ်ကူးထားပါတယ်

ချမ်းငြိမ်းဦး
Potential Admin/Creator