Wednesday, October 16, 2013

နောင်တ

သင်္ခါရတွေများလွန်းတယ်
လောကရဲ့ ပတ်ဝန်းကျင်ထဲမှာ
ကိုယ့်ကိုယ်ကို ဆိုင်နေတတ်သေး
အနတ္တတွေများလွန်းတယ်
ကောင်းမှုတွေနဲ့ လာဘ်ထိုးပေမဲ့
ကံတရားကိုလက်လှမ်းမမီသေးဘူး
ခုဖြစ်.. ခုပျက်သာဆိုတယ်
စွဲမြဲနေတဲ့အတ္တအစိုင်အခဲတွေက
စိတ်ကို အမှောင်ဖုံးထားကြတယ်။
ကြုံခဲ့ဖူးတဲ့အဆိုးကံတွေလည်းများပါပြီ
ဆုံခဲ့ဖူးတဲ့အတ္တဘောတွေလည်းများလှပြီ
ရခဲ့ဖူးတဲ့ သံဝေဂတွေလည်းများနေပြီ..
အဝိဇ္ဇာတွေမကွာသေးသ၍
အနာဂတ်ကိုတွေးပြီးကြောက်နေမိတယ်။

ဆောင်းငှက်
April 2013_ Youth magazine

No comments:

Post a Comment