Monday, October 14, 2013

အလှမွေးပင့်ကူကြီးများ - ၁

ကျနော်ယခုရှာဖွေရထားတဲ့ပင့်ကူကြီးတွေကိုအနောက်နိုင်ငံတွေကအလှမွေးကြတယ်တဲ့။
ကျနော်ဖြင့် သိရတော့အတော်အံ့သြသွားတယ်။ သို့ပေမဲ့ တကယ်လည်းကြည့်လို့တော့လှပါတယ်။
ကြောက်စရာကောင်းတာ၊ အဆိပ်ပြင်းတာတစ်ခုပဲပေါ့။ သူတို့နိုင်ငံကလိုသွေးအေးတဲ့လူမျိုးတွေ
ကတော့ ဒီပင့်ကူကြီးတွေကို အလှမွေးတာမဆန်းပါဘူးလေ။ ကွန်နက်ရှင်အခက်အခဲကြောင့်
ရှာရထားသမျှအကုန်မတင်နိုင်ဘဲအပိုင်းလိုက်တင်ပေးရတာ သီးခံပေးကြပါရန်..။
ဒီပင့်ကူကြီးတွေက တာရန်ကျူလာ အမျိုးအစားလို့သတ်မှတ်ထားကြပါတယ်။

တာရန်ကျူလာ (Tarantula) ကို dictionary မှာကြည့်တော့ "အမေရိကရဲ့အပူပိုင်းနှင့်
အပူလျှော့ပိုင်းဒေသတွေမှာအဓိကတွေ့ရတတ်သော အလွန်ကြီးမားပြီးအမွှေးထူတဲ့
ပင့်ကူကြီးများ" ဟုအဓိပ္ပါယ်ပြန်ထားတာတွေ့ရပါတယ်။

Spider - 1 
Chaco Golden Knee Tarantula
Grammostola aureostriata

အခြားအမည်များ -  ကာကို (ခါခို) လိမ္မော်ရောင်ခြေဆစ်
အလေ့အထ/နေထိုင်မှု - ကုန်းပိုင်းနေ
မူလဇာတိ - တောင်အမေရိက
အရွယ်ရောက်အရွယ်အစား - ခြေချောင်းအတိုင်းအတာ ၈ လက်မနှင့် အထက်
အပူချိန်နှင့် စိုထိုင်းမှုလိုအပ်ချက် - စိုထိုင်းမှု ၆၀-၇၀ ရာခိုင်နှုန်းနှင့် အတူ အပူချိန် ၇၀-၈၀ ဒီဂရီဖာရင်ဟိုက်
ကုန်ကျစရိတ် - ဈေးကြီးသည်
ကျွေးမွေးမှုအကြံပေးချက် - ပုရစ်၊ လောက်ကောင်စားပိုးတောင်မာ၊
မြောက်အမေရိကပိုးဟပ်များ နှင့် ကြွက်ငယ်လေးများ

Chaco Golden Knee Tarantula

No comments:

Post a Comment