ဒီဘလော့ဂ်လေးကို သိထားသောပညာရပ်များ ပြန်လည်ဝေမျှရန်
ရည်ရွယ်ထားပါသည်။ ထို့အပြင် ကဗျာ၊ စာပေဝါသနာရှင် ဆောင်းငှက်၏
စာ၊ ကဗျာများကိုလည်း ပြန်လည်ဝေမျှပါမည်။ စာပေ စာမျက်နှာထဲတွင်လည်း
ဖတ်ဖူး၊ သိဖူးခဲ့သမျှနှစ်သက်သည့် စာအုပ်များကိုလည်းပြန်လည်ဖော်ပြပါမည်။
Potential blog စတင်အသက်ဝင်ရက် - October 10, 2013
Potential blog စတင်သန္ဓေတည်ရက် - လွန်ခဲ့သောနှစ်လခန့်မှစတင်..
ယခင်က blogger ကိုမျက်စိလည်ရောက်ခဲ့ဖူးသည်။ ၂၀၀၉ နှစ်ဦးပိုင်းကပါ။
နောက်ပိုင်း Website တွေအပိတ်ခံရ၊ Proxy တွေနဲ့ကျော်သုံးရ၊ လိုင်းနှေးနေရတာတွေနဲ့
blogger ကထွက်လာခဲ့ကာ Ning မှာခဏတာခိုနားခဲ့ဖူးသည်။ သို့သော်လည်း
Multiply ကိုတွေ့၍ Multiply တွင်သာ ၂၀၁၀ လောက်မှစတင်၍ ၂၀၁၂ ကာလဖြစ်မည်ထင်သည်။
Multiply service ပိတ်လိုက်သည့်အချိန်အထိ multiply တွင်သာ
(http://violetbreeze.multiply.com) ဖြင့် အချိန်အကြာကြီး ပျော်ရွှင်နေထိုင်ခဲ့ဖူးသည်။
ယခုတော့ အင်တာနက်လိုင်းတွေ၊ ခေတ်တွေပြောင်းလာပြီဖြစ်၍ blogger တွင် ထပ်မံလာရောက်
တည်းခိုပါဦးမည်။ ဒီနေရာမှာပဲ စွဲစွဲမြဲမြဲနေထိုင်ဖို့လည်းစိတ်ကူးထားပါသည်။
Blog creator - Chan Nyein Oo
Birth - November, 1990
နည်းပညာ၊ ကွန်ပျူတာ၊ အနုပညာ၊ စာပေ၊ ကဗျာ ဝါသနာပါသူတစ်ဦး..
ကျနော့်ဘလော့ဂ်လေးကိုလာရောက်လည်ပတ်ကြသူများ၏အကြံဉာဏ်၊ အားပေးစကားသံများက
ကျနော့်အတွက် ယခု blogger တွင်ဆက်လက်ရပ်တည်ဖို့အားအင်တစ်ခုဖြစ်စေပါလိမ့်မယ်..။
ချမ်းငြိမ်းဦး
Creator
No comments:
Post a Comment