Friday, October 18, 2013

တစ်ကိုယ်တော် - ၃

ကာဗွန်နံ့၊ တေဇောနံ့၊
တွားလက်တ်တီ (toilette) နံ့နဲ့လမ်းမထက်
မာကျူရီတွေ အိပ်မောကျ
လေးပင်ဆဲခြေလှမ်းတွေ
ရွေ့လျားလိုက်တိုင်း
ကောင်းကင်မှာကြယ်စုံလင်းတယ်
ဦးတည်ချက်မဲ့နေသလား.. ?
ဘေးမှာပန်းတွေမပွင့်ဘူး
လိပ်ပြာတွေအတောင်မခတ်ဘူး
လမ်းမကြီးရှည်သလောက်
ချိုင့်ခွက်တွေများတယ်
လမ်းဆုံမှာပန်းတိုင်ကိုမြင်မိတိုင်း
ကြယ်တွေကိုလက်ပြနှုတ်ဆက်မိတယ်။     ။

ဆောင်းငှက်
August 2013, Youth magazine

No comments:

Post a Comment