Wednesday, October 16, 2013

ပဋိပက္ခ

သစ္စာကြိုးတွေပြတ်လုပြီလား...
ရစ်ပတ်ဆဲနွယ်ဖြူတွေ
ငါ့ရင်မှာ အမြစ်ခိုင်... လို့
ပန်းဖူးလေးတွေ နွမ်းကြေကုန်တာ
မိုးညိုတွေပြယ်လွင့်သွားတာ
ဝတ္တရားတွေကြောင့်ပါ။
လမ်းတစ်ဖက်စီမှာပဲ
တစ်သက်စာတော့ မသွားချင်ဘူး
ငါတို့နှစ်ဦးရဲ့လမ်းမထက်မှာ
အဖြူရောင်တွေ ခြယ်သထားတာ...
မှတ်မိသေးရဲ့လား. . . ။

ဆောင်းငှက်
June 2013, Youth magazine

No comments:

Post a Comment