ခုနောက်ပိုင်း တစ်လကို ဖုန်းဘီလ်ကတ် ၂ ကတ်တောင်ကုန်နေလို့.. ကိုယ့်အခြေအနေနဲ့ မကိုက်တော့ လျှော့သုံးဖို့စဉ်းစားထားတယ်။ အင်တာနက်သုံးရုံသက်သက်ပဲက ၁ ကတ်ကျော်တော့ ကုန်မယ်ထင်ရဲ့။ အိမ်ကဖုန်းဆက်တာများရင်လည်း ၂ ကတ်ကျော်သွားတတ်တယ်။ ချင့်ချိန်သုံးနေရတယ်။ တစ်လကို တစ်ကတ်ပဲလောက်အောင်သုံးဖို့ စိတ်ကူး၊ စီစဉ်ထားတယ်။ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင်က စောင့်ကြည့်ဦးမှပါ။ ကျနော် ၂ သိန်းတန်ဖုန်းဝယ်ပြီးကတည်းက သုံးလာတဲ့ ဖုန်းဘီလ်က အခုဆိုရင် ၂ သိန်းခွဲလောက်ရှိပြီ။ ဘီလ်ဖြည့်ပြီးရင်ကတ်တွေကို အမှတ်ရအောင် တမင်သိမ်းထားနေကျဆိုတော့ အဲဒီကတ်တွေရဲ့တန်ဖိုးကိုပေါင်းကြည့်ရင်းသိတာပါ။
ဒီပုံစံအတိုင်းဆို တစ်လ ၅၀၀၀/၁ သောင်းလောက်စုသွားရုံနဲ့ ၁ နှစ်ကျော်ဆိုနောက် ၂ သိန်းတန်ဖုန်းတစ်လုံး မဟုတ်ရင် Handset ကောင်းကောင်းတစ်ခုဝယ်နိုင်တယ်။ အဲဒီလိုနည်းနဲ့ငွေစုကြည့်ဖို့လည်းစိတ်ကူးထားတယ်။ နောက်ပိုင်းတော့ ဖုန်းအသုံးလျှော့ပါဦးမယ်။
ချမ်းငြိမ်းဦး
Oct 16, 2013_5:50 PM
No comments:
Post a Comment