Monday, October 14, 2013

အလွမ်းကော်ဖီ

ဘ၀က..
ငါဖျော်တဲ့ကော်ဖီလောက်တောင်
အချိုးမကျခဲ့ဘူး
အဆုံးမဲ့မိုးရွာသွန်းပါစေ
ငါလျှောက်တဲ့လမ်း
ရပ်တည့်ပစ်မှာမဟုတ်ဘူး။
သူငယ်ချင်း...
ကော်ဖီတွေခါးတဲ့ရက်တိုင်း
မင်းနာမည်ရွတ်မိရုံနဲ့
ငါ့စိတ်ထဲချိုမြိန်တယ်
ဘဝတွေပေါလောမျောပါစေ
ယုံကြည်ချက်ဖောင်ကို
ကိုင်ဆွဲထားပြီးသား..။
အလွမ်းတွေတိုက်တဲ့နေ့ဆို
ငါ့စိတ်တွေ
လေနှင်ရာမျောလွင့်မိခဲ့တယ်။

ဆောင်းငှက်
ဖောဖေါ်ဝါရီ ၂၀၁၃၊ ပြုံးစရာမဂ္ဂဇင်း


No comments:

Post a Comment