Saturday, October 12, 2013

ကုက္ကိုရနံ့နဲ့ဆက်ထားတဲ့လမ်း

ဆောင်းရနံ့သင်းလာပြီ
ကုက္ကိုရိပ်ကဖလင်ချပ်တွေ
သစ်လွင်နေဆဲ
မြေနီလမ်းလေးလည်း
မပြောင်းလဲသေးဘူး။
ဝေကွဲစွာမပိုင်းခြားနိုင်ခင်..
ခံစားချက်တစ်စုံတစ်ရာအတွက်
အတိုင်းအတာလွန်ကျူးနေပြီ
မက်ဖူးခဲ့အိပ်မက်တွေမှာ
အရောင်စိုတတ်လွန်းလို့...။
သူငယ်ချင်းရေ...
တစ်နေရာဆီကွဲကွာနေလည်း
တစ်ချိန်မှာပြန်ဆုံစည်းကြမယ်
ငါတို့လျှောက်တဲ့လမ်းမှာ
လမ်းခွဲဆိုတာမရှိခဲ့ဘူးလေ...။

ဆောင်းငှက်
April 2012_Youth magazine

No comments:

Post a Comment