Eunectes murinus
စပါးကြီးမြွေမျိုးနွယ်ဝင် တောင်အမေရိက၏အစိမ်းရောင်စပါးကြီးမြွေကထိန်းသိမ်းစောင့်ရှောက် ခြင်းခံနေရသောမြွေအမျိုးအစား ဖြစ်ပြီး၊ ကမ္ဘာမှာအကြီးဆုံးမြွေလည်းဖြစ်သည်။ ပိုက်ကွန်ပုံ စပါးကြီးမြွေက သူ့ဝမ်းကွဲဖြစ်သည်။ သူကပို၍ကြီးမားသောအရှည်ကို ခဏနှင့်ရောက်ရှိနိုင် တယ်။ ဒါပေမဲ့ သူ့ရဲ့အလွန်ကြီးမားသော လုံးပတ်(ကိုယ်လုံး) က သွားလာရတာ လေးလံ၍ နှေးတာမျိုး ဖြစ်စေသည်။
အစိမ်းရောင်စပါးကြီးမြွေများဟာ ၂၉ ပေ (၈.၈မီတာ) ကျော်အထိကြီးထွားနိုင်တယ်။ အလေးချိန်ကလည်း ပေါင် (၅၅၀) (၂၂၇ ကီလိုဂရမ်) ကျော်ထိရှိနိုင်ပြီး၊ အချင်းအားဖြင့် (ကိုယ်လုံးပတ်) က ၁၂ လက်မကျော်ထိတိုင်းတာရရှိတယ်။ စပါးကြီးအမများဟာအထီးများ ထက် သိသိသာသာ ကြီးမားကြတယ်။ အခြားစပါးကြီးမျိုးစိတ်များနှင့် တောင်အမေရိကမှ မျိုးစိတ်များ အားလုံးက အစိမ်းရောင်စပါးကြီးမြွေ၊ အဝါရောင်၊ အမည်းအစက်နှင့် ဘိုလီးဗီရန် အမျိုးအစား ထက်သေးငယ်ကြတယ်။
စပါးကြီးမြွေများဟာ ရွှံ့ဗွက်များ၊ ချုံပုတ်များ၊ ရေစီးနှေးသည့်ချောင်းများ၊ နှင့်အဓိကအားဖြင့် အမေဇုံရှိအပူပိုင်းမိုးသစ်တောများနှင့် အော်ရီနိုကို ချိုင့်ဝှမ်း များတွင်နေထိုင်ကြသည်။
သူတို့ဟာ ကုန်းပေါ်မှာသွားလာရတာ နှေးကွေးလေးလံပြီး အဆင်မပြေပေမဲ့၊ ရေထဲမှာတော့ ချောမွေ့စွာနဲ့ တိတ်ဆိတ်စွာသွားလာ နိုင်တယ်။
သူတို့၏မျက်လုံးများနှင့် နှာခေါင်းပေါက်များက ဦးခေါင်း၏ထိပ်ပေါ်တွင်ရှိပြီး၊ သူတို့ကို သားကောင်၏ အနီးနားတွင် လုံခြုံစွာငုပ်လျှိုး ၍စောင့်ကြည့်ရန် ဖန်တီးပေးထားသည်။
သူတို့က တောဝက်၊ သမင်၊ ငှက်များ၊ လိပ်များ၊ ကာပီဘာရာ (ရှဥ့်ကဲ့သို့ကိုက်ဖြတ်သတ္တဝါ)၊ မိကျောင်းလေးများနှင့်၊ ကျားသစ် (jaguar) ကိုပါ စားသောက်( အစားချေ) ပြီး ဧရာမ အရွယ်အစားသို့ ရောက်ရှိလာကြတယ်။
(Note: jaguar - အစက်အပြောက်များရှိပြီး ကြီးမားသည့်အသားစားတောကြောင်ကြီးမျိုး (ကျားသစ်)။ Capybara - ရှဥ့်၊ ကြွက်ကဲ့ သို့ကိုက်ဖြတ်စားသောက်တတ်သော ကိုက်ဖြတ်သတ္တဝါတစ်မျိုး။)
စပါးကြီးမြွေများသည် အဆိပ်မရှိဘဲ ဖမ်းဆီးထားသောသားကောင်ကို သူတို့၏သန်မာသော ခန္ဓာကိုယ်နှင့်ရစ်ပတ်ပြီး သားကောင် မွန်းကြပ်သည့်အထိဖျစ်ညှစ်တတ်သည်။ ဆွဲဆန့်၍ရသော အရွတ်များနှင့်တွဲချည်ထားသော မေးရိုးများက သူတို့၏သားကောင် တစ်ကောင်လုံးကို အဆင်ပြေစွာမျိုချရန် သူတို့ကို ဖန်တီးပေးထားသည်။ သူတို့သည် သားကောင်ကြီးကြီးမားမား စားသောက်ပြီး လျှင် သီတင်းပတ်များ (သို့) လပေါင်းများစွာ မစားသောက်ဘဲနေနိုင်သည်။
စပါးကြီးမြွေအမများဟာ သူတို့၏ဥများကိုထိန်းသိမ်းပြီး အကောင်ပေါက် ၂/၃ ဒါဇင်မွေး ထုတ်ပေးသည်။ မြွေသားပေါက်ကလေး များက မွေးဖွါးလာသောအခါ ၂ ပေ (၀.၆ မီတာ) ခန့်ရှည်ပြီး ချက်ချင်းလိုပင် ရေကူးခြင်းနှင့်၊ အမဲလိုက်ခြင်းကိုလုပ်နိုင်ကြတယ်။ သူတို့၏သဘာဝသက်တမ်းက ၁၀ နှစ်ခန့်ရှိသည်။
Fast Facts
Type: Reptile | တွားသွားသတ္တဝါ
Diet: Carnivore | အသားစားနို့တိုက်သတ္တဝါ
Average life span in the wild: 10 years | ၁၀ နှစ်
Size: 20 to 30 ft (6 to 9 m) | ပေ ၂၀ မှ ပေ ၃၀
Weight: Up to 550 lbs (227 kg) | ၅၅၀ ပေါင်ထိ
Group name: Bed or knot | နှုတ်သီးပါ
Did you know?
In mating, several competing males form a breeding ball around one female that can last up to four weeks.
Size relative to a bus:
No comments:
Post a Comment